Study

✅ Nat-test ဆိုတာဘာလဲ?

📢 🇯🇵JLPT(日本語能力試験—ဂျပန်ဘာသာစွမ်းရည်စစ်ဆေးမှု) စာမေးပွဲအချိန် လွတ်သွားလို့ စိတ်ညစ်နေသူများ ရှိမယ်ထင်ပါတယ်😢
「နောက်တစ်ကြိမ်အထိ ဘယ်လို စောင့်ရမှာလဲ」လို့ စိတ်ပူနေရင် စိတ်ချပါ—
Nat-test ရှိနေပါတယ်‼️

✅ Nat-test ဆိုတာဘာလဲ?
・JLPTလိုပဲ N5~N1 အဆင့်ခွဲထားတဲ့ ဂျပန်ဘာသာစွမ်းရည်စစ်ဆေးမှု တစ်မျိုးဖြစ်ပါတယ်

・JLPTထက် စာမေးပွဲကျင်းပတဲ့ ကြိမ်ရေပိုများပြီး (နှစ်စဉ် ၆ကြိမ်) အလျင်အမြန် စာမေးပွဲအောင်လက်မှတ် လိုအပ်သူများအတွက်
အဆင်ပြေပါတယ်

✅ Nat-test ရဲ့ အားသာချက်များ
・ရလဒ်ကို လျင်မြန်စွာ (~၁လအတွင်း) သိရနိုင်ပြီး အလုပ်လျှောက်ချိန်နှင့် ကိုက်ညီအောင် စီစဉ်နိုင်ပါတယ်

・企業(ကုမ္ပဏီ)များစွာက JLPTအပြင် Nat-testလက်မှတ်ကိုလည်း ဘာသာစွမ်းရည်သက်သေအဖြစ် လက်ခံပါတယ်

・特定技能(တိုကုတေးဂီနိုး—အထူးကျွမ်းကျင်မှုဗီဇာ) အပါအဝင် ဗီဇာအမျိုးအစားအချို့အတွက်လည်း အသုံးပြုနိုင်ပါတယ်

✅ လျှောက်ထားနည်း
・Nat-test 公式サイト(တရားဝင် website)မှတစ်ဆင့် အွန်လိုင်းလျှောက်ထားနိုင်ပါတယ်

・ကိုယ်နှင့်နီးစပ်ရာ စစ်ဆေးရေးဌာန(会場)ကို ရွေးချယ်ပါ

・စစ်ဆေးခ ပေးသွင်းပြီးလျှင် စာမေးပွဲအတွက် အသင့်ပြင်ပါ

ကိုယ့်အခြေအနေနှင့် ဘယ်လို ကိုက်ညီမလဲဆိုတာ ပိုသိချင်ရင် 📩 Message ပို့ပြီး 個別相談 ချိန်းယူနိုင်ပါတယ်နော်

#အဆင်ပြေကြပါစေ
#phoosar
#Nattest
#ဂျပန်
#ဂျပန်ရောက်မြန်မာ
#jobinjapan
#japanjob

🇯🇵3 mins ဂျပန်စာ 👜Academic & Career Counselor 📝Sharing My 13yrs experiences of Japan life 👶一児のママ(元保育士) 🌈Profile ☆Studied @University 4years with Full Scholarship ☆Worked 5years as Career Counselor @ 🇯🇵University ☆Supported over 700students to get Good salary jobs ☆Working dream job to volunteer for Asian Countries people in Jp

コメントを残す

メールアドレスが公開されることはありません。 ※ が付いている欄は必須項目です

CAPTCHA