Babycare

ဗိုက်နာလာရင် ဆေးရုံဘယ်လိုသွားမလဲ?

ဂျပန်မှာ ကလေးမွေးဖို့ ပြင်ဆင်နေတဲ့ မေမေတို့ရေ…

ဗိုက်နာလာတဲ့အချိန် ဒါမှမဟုတ်
ရေမွှာပေါက်သွားတဲ့အချိန်မှာ
ဆေးရုံကို ဘယ်လိုသွားရမလဲဆိုတာ
စိတ်ပူနေပါသလား?⁉️
အထူးသဖြင့် အမျိုးသား အလုပ်သွားနေချိန်
ဒါမှမဟုတ် တစ်ယောက်တည်းရှိနေချိန်ဆိုရင်
ပိုပြီး စိုးရိမ်ရတတ်ပါတယ်🥺

အဲဒီလိုအချိန်မျိုးအတွက်
“Jintsu Taxi (陣痛タクシー)”
ဆိုတာ ရှိပါတယ်။
Jintsu Taxi ဆိုတာ ဘာလဲ?🚕

ဒါဟာ သာမန်တက္ကစီမဟုတ်ဘဲ ကိုယ်ဝန်ဆောင်မေမေတို့အတွက် အထူးဝန်ဆောင်မှုပေးတဲ့ တက္ကစီဖြစ်ပါတယ်။

✅ ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်ပါတယ်။
✅ မိမိတက်မယ့် ဆေးရုံလိပ်စာကို ကြိုတင်စာရင်းသွင်းထားလို့ရတဲ့အတွက် ဗိုက်နာနေချိန်မှာ လိပ်စာရှင်းပြနေစရာမလိုပါဘူး။
✅ ကားဆရာတွေကလည်း ကိုယ်ဝန်ဆောင်တွေကို ကူညီဖို့ အထူးလေ့ကျင့်ထားသူများဖြစ်ပါတယ်။
✅ ကားခန်းထဲမှာ ရေမွှာပေါက်လို့ ပေကျံသွားရင်လည်း လျော်ကြေးပေးစရာမလိုတဲ့ ဝန်ဆောင်မှုမျိုး ဖြစ်ပါတယ်။

⭐️ဘယ်လိုစာရင်းသွင်းရမလဲ?

🍀၁။ မိမိနေထိုင်တဲ့ မြို့နယ်ထဲမှာ “Jintsu Taxi” ဝန်ဆောင်မှုရှိတဲ့ ကုမ္ပဏီကို ရှာပါ။

🍀၂။ ဖုန်းဖြင့်ဖြစ်စေ၊ Website မှဖြစ်စေ အခမဲ့ ကြိုတင်စာရင်းသွင်း (Registration) လုပ်ထားပါ။

🍀၃။ မိမိရဲ့ လိပ်စာ၊ ဖုန်းနံပါတ်၊ ကလေးမွေးမယ့်ဆေးရုံ နဲ့ ခန့်မှန်းခြေမွေးဖွားမယ့်ရက်တို့ကို ဖြည့်စွက်ရပါမယ်။

မှတ်ထားရန် 💡
• ဗိုက်နာလာရင် တက္ကစီမခေါ်ခင် ဆေးရုံကို အရင်ဖုန်းဆက်ပါ။
• တက္ကစီရောက်လာရင် ထိုင်ခုံမှာခင်းဖို့ လဲလှယ်နိုင်တဲ့ အဝတ် ဒါမှမဟုတ် လေဒီပတ် (Pad) အကြီးစားတွေကို အိတ်ထဲ အသင့်ဆောင်ထားပါ။
ဂျပန်မှာရှိတဲ့ မေမေတို့အားလုံး ဘေးကင်းချောမွေ့စွာနဲ့ ရင်သွေးလေးတွေကို ဖွားမြင်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ် ❤️

ဒီpostကိုကိုယ်ဝန်ဆောင်Friend လေးတွေဆီ
မျှဝေShareပေးခြင်းဖြင့် ဂရုစိုက်ပေးကြပါနော်😘

#Japan #Pregnancy #JintsuTaxi #MyanmarInJapan #ဂျပန်ရောက်မြန်မာများ #ကိုယ်ဝန်ဆောင် #ဗိုက်နာတက္ကစီ #ကလေး #phoofamilysjapandiaries #妊娠中の悩み #ကျန်းမာရေးဗဟုသုတ

🇯🇵3 mins ဂျပန်စာ 👜Academic & Career Counselor 📝Sharing My 13yrs experiences of Japan life 👶一児のママ(元保育士) 🌈Profile ☆Studied @University 4years with Full Scholarship ☆Worked 5years as Career Counselor @ 🇯🇵University ☆Supported over 700students to get Good salary jobs ☆Working dream job to volunteer for Asian Countries people in Jp

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です

CAPTCHA