Japan Visa Info,  Lifestyle

【သိမ်းထားသင့်သည်】ဂျပန်မှာ အလုပ်ထွက်ရင် ဗီဇာရုံး (入管) ကို အကြောင်းကြားဖို့ မမေ့ပါနဲ့!

အလုပ်ထွက်ဖို့ ဆုံးဖြတ်ပြီလား။
ကုမ္ပဏီကို “ထွက်ပါမယ်” လို့ ပြောရုံနဲ့ လုပ်ငန်းစဉ် မပြီးသေးပါဘူး။

① ဘာကြောင့် အကြောင်းကြားရတာလဲ?
“နည်းပညာ・လူမှုသိပ္ပံ・နိုင်ငံတကာလုပ်ငန်း” (技術・人文知識・国際業務)၊ Highly Skilled Professional၊ Specified Skilled Worker (特定技能) စတဲ့ ဗီဇာတွေကို “အဲဒီကုမ္ပဏီမှာ အလုပ်လုပ်မယ်” ဆိုတဲ့ အခြေခံနဲ့ ခွင့်ပြုထားတာပါ။
အလုပ်ထွက်လို့ ကုမ္ပဏီနဲ့ စာချုပ်ပြီးဆုံးသွားရင် ၁၄ ရက်အတွင်း ဗီဇာရုံး (出入国在留管理庁) ကို အကြောင်းကြားရပါမယ်။
ဒါဟာ ဥပဒေအရ တာဝန်ပါ။

② မကြားရင် ဘာဖြစ်နိုင်လဲ?
・ဒဏ်ငွေ (၂၀၀,၀၀၀ ယန်အောက်) ကျခံရနိုင်ပါတယ်
・နောက်ပိုင်း ဗီဇာတိုးတာ၊ အလုပ်ပြောင်းပြီး ဗီဇာပြောင်းတာတွေမှာ မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်
・”စည်းကမ်းလိုက်နာတဲ့သူ” ဆိုတဲ့ ယုံကြည်မှု ဆုံးရှုံးနိုင်ပါတယ်

③ ဘယ်လို အကြောင်းကြားရမလဲ? (၃ နည်း)

1️⃣ အွန်လိုင်း (အကောင်းဆုံး)
ဗီဇာရုံးရဲ့ “電子届出システム” (အီလက်ထရောနစ် အကြောင်းကြားစနစ်) ကနေ လုပ်ပါ။
ပထမဆုံးအကြိမ်ဆိုရင် အသုံးပြုသူ အကောင့်ဖွင့်ရပါတယ်။ အချိန်နည်းနည်း ကြာတတ်လို့ အလုပ်မထွက်ခင်ကတည်းက အကောင့်ဖွင့်ထားရင် စိတ်ချရပါတယ်။

2️⃣ ကိုယ်တိုင်သွားတင်ခြင်း
အနီးဆုံး ဗီဇာရုံး (出入国在留管理局) ကို ရက်ဆီးဒင့်ကတ် (在留カード) ယူသွားပြီး တင်ပါ။

3️⃣ စာတိုက်ပို့ခြင်း
အကြောင်းကြားစာနဲ့ ရက်ဆီးဒင့်ကတ် ကော်ပီကို တွဲပြီး တိုကျို ဗီဇာရုံးကို ပို့ပါ။ ခြေရာခံလို့ရတဲ့ နည်းနဲ့ ပို့ပါ။

④ ဘယ်အချိန်အထိလဲ?
အလုပ်ထွက်တဲ့ရက် (စာချုပ်ပြီးဆုံးတဲ့ရက်) ကနေ ၁၄ ရက်အတွင်း

⑤ အလုပ်ပြောင်းမယ်ဆိုရင်?
ကုမ္ပဏီအသစ်မှာ အလုပ်စဝင်တဲ့အခါလည်း ၁၄ ရက်အတွင်း အကြောင်းကြားရပါမယ်။
အလုပ်ထွက်တာနဲ့ အလုပ်အသစ်ဝင်တာကို တစ်ပြိုင်နက် တင်လို့ရတဲ့ ပုံစံလည်း ရှိပါတယ်။

⑥ မမေ့ပါနဲ့
・အလုပ်ထွက်ပြီးနောက် အလုပ်မလုပ်ဘဲ ကြာရှည်နေရင် ဗီဇာ ရုပ်သိမ်းခံရနိုင်ပါတယ် (အကြမ်းဖျင်း ၃ လုံး)
・နောက်အလုပ် မတွေ့သေးရင် ဗီဇာရုံး ဒါမှမဟုတ် ကျွမ်းကျင်သူနဲ့ စောစောစီးစီး ဆွေးနွေးပါ

💡 Phoo Sar ရဲ့ စကားတစ်ခွန်း
ကျွန်မလည်း အစပိုင်းမှာ “ကုမ္ပဏီက လုပ်ပေးမှာပဲ” လို့ ထင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုယ်တိုင် အကြောင်းကြားတာက အခြေခံပါ။
အလုပ်ထွက်မယ်လို့ ဆုံးဖြတ်ပြီဆိုတာနဲ့ 電子届出システム အကောင့်ဖွင့်တာကနေ စလိုက်ပါ။

📞 မသေချာရင် 外国人在留総合インフォメーションセンター (0570-013904) ကို ဆက်သွယ်ပါ။

👉 Save လုပ်ထားပြီး အလုပ်ထွက်မယ့် သူငယ်ချင်းတွေကိုလည်း Share လိုက်ပါ!
#ဂျပန်ရောက်မြန်မာ #ဂျပန်မှာနေထိုင်ခြင်း #ဗီဇာ #在留資格 #退職 #入管 #PhoosarInJapan

🇯🇵3 mins ဂျပန်စာ 👜Academic & Career Counselor 📝Sharing My 13yrs experiences of Japan life 👶一児のママ(元保育士) 🌈Profile ☆Studied @University 4years with Full Scholarship ☆Worked 5years as Career Counselor @ 🇯🇵University ☆Supported over 700students to get Good salary jobs ☆Working dream job to volunteer for Asian Countries people in Jp

コメントを残す

メールアドレスが公開されることはありません。 ※ が付いている欄は必須項目です

CAPTCHA