Babycare

ဘေဘီလေးမွေးပြီးရင်မဖြစ်မနေလုပ်ရမယ့်”ဗီဇာ”ကိစ္စ

ဂျပန်မှာရှိတဲ့ မေမေလောင်းတို့ရေ… ဗိုက်ထဲက ဘေဘီလေးကို တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားနေပြီလား? 👶✨

ဂျပန်မှာ ကလေးမွေးပြီးရင် မြို့နယ်ရုံးမှာတင်မကဘဲ
“လဝက” (Immigration) မှာလည်း အရေးကြီးတဲ့手続き (လုပ်ငန်းစဉ်) တွေ
လုပ်ဖို့ လိုအပ်ပါတယ်။ ဒါကို မေ့သွားရင် ကလေးက ဗီဇာမရှိ (Overstay) ဖြစ်သွားနိုင်လို့
သေချာဖတ်ထားပေးနော်👇

✅ ၁။ မြို့နယ်ရုံး (City Hall) မှာ မွေးစာရင်းသွင်းခြင်း ကလေးမွေးပြီး ၁၄ ရက်အတွင်း မိမိနေထိုင်ရာ မြို့နယ်ရုံးမှာ “Shussho Todoke” (မွေးစာရင်း) သွားတင်ပါ။ အဲဒီအခါ “Shussho Todoke Juri Shomeisho” (မွေးစာရင်းလက်ခံကြောင်းလက်မှတ်) ကို တစ်ခါတည်း တောင်းထားပါ။

✅ ၂။ လဝက (Immigration) မှာ ဗီဇာလျှောက်ခြင်း ဒါက အရေးကြီးဆုံးပါ။ ကလေးမွေးပြီး ရက်ပေါင်း ၃၀ အတွင်း လဝကမှာ “Application for Permission to Acquire Status of Residence” ကို သွားလျှောက်ရပါမယ်။ လိုအပ်တဲ့စာရွက်စာတမ်းများ:

လျှောက်လွှာပုံစံ

မြို့နယ်ရုံးကရတဲ့ မွေးစာရင်းလက်ခံကြောင်းလက်မှတ်

နေထိုင်သူလက်မှတ် (Juminhyo) – မိသားစုအားလုံးပါတာ

မိဘနှစ်ပါးရဲ့ ပတ်စပို့နဲ့ ဇိုင်ယူးကတ် (Zairyu Card)

💡 မှတ်ချက်: မွေးပြီး ရက် ၆၀ အတွင်း ဂျပန်ကနေ ပြန်ထွက်မှာဆိုရင်တော့ ဗီဇာလျှောက်စရာမလိုပါဘူး။ ဒါပေမယ့် ဆက်နေမယ်ဆိုရင်တော့ ရက် ၃၀ အတွင်း အမြန်ဆုံးလုပ်ဆောင်ကြပါနော်။

✅ ၃။ မြန်မာသံရုံးမှာ မွေးစာရင်းသွင်းခြင်း ကလေးအတွက် ပတ်စပို့လုပ်ဖို့အတွက် တိုကျိုမြန်မာသံရုံးမှာလည်း မွေးစာရင်းသွားတင်ဖို့ လိုအပ်ပါတယ်။

💖 ဒီအချက်လေးတွေက အရမ်းအရေးကြီးလို့ မေ့မသွားအောင် Save ထားပါဦး။ ဒါမှမဟုတ် ကိုယ်ဝန်ဆောင် သူငယ်ချင်းတွေရှိရင်လည်း Share ပေးပြီး သတိပေးလိုက်ပါဦးနော်။

မေမေနဲ့ ဘေဘီလေး ကျန်းကျန်းမာမာရှိကြပါစေ။ 🙏

#JapanMom #MyanmarInJapan ##ဂျပန် #ကလေး #ကိုယ်ဝန်ဆောင် #ဂျပန်ရောက်မြန်မာများ #ကလေးဗီဇာ #VisaInJapan #motherhoodinjapan #phoofamilysjapandiaries #phoofamily

🇯🇵3 mins ဂျပန်စာ 👜Academic & Career Counselor 📝Sharing My 13yrs experiences of Japan life 👶一児のママ(元保育士) 🌈Profile ☆Studied @University 4years with Full Scholarship ☆Worked 5years as Career Counselor @ 🇯🇵University ☆Supported over 700students to get Good salary jobs ☆Working dream job to volunteer for Asian Countries people in Jp

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です

CAPTCHA