ဂျပန်မှာကလေးမွေးရင် ဘယ်လောက်ကုန်မလဲ ?
ဂျပန်မှာ ကလေးမွေးရင် ပုံမှန်အားဖြင့်
ယန်း ၄ သိန်းခွဲမှ ၆ သိန်းကြားခန့်
ကုန်ကျနိုင်ပါတယ်🚨
ဒါပေမဲ့ ဂျပန်အစိုးရရဲ့ ထောက်ပံ့ကြေးစနစ်တွေကြောင့် တကယ်တမ်း ကိုယ်တိုင်စိုက်ထုတ်ရတဲ့ငွေဟာ အလွန်နည်းပါးတာ (or)လုံးဝမကုန်တာမျိုး ဖြစ်နိုင်ပါတယ်🤩
💴ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကတော့…
💎၁။ အစိုးရရဲ့ ထောက်ပံ့ကြေး (出産一時金)
ဂျပန်မှာ ကလေးတစ်ယောက်မွေးရင် အစိုးရက “Childbirth Lump-Sum Allowance” (Shussan Ikuji Ichijikin) အဖြစ် 50万円 (၅ သိန်း) ထောက်ပံ့ပါတယ်
• အကယ်၍ ဆေးရုံစရိတ်က ယန်း ၅ သိန်းအောက် ဆိုပါက ပိုတဲ့ငွေကို ပြန်ထုတ်ယူနိုင်ပါတယ်။
• အကယ်၍ ယန်း ၅ သိန်းထက် ကျော်လွန်ပါက ကျော်လွန်တဲ့ပမာဏကိုပဲ ကိုယ်တိုင်ပေးဆောင်ရမှာပါ💴
💎၂။ ကုန်ကျစရိတ် ကွာခြားနိုင်သည့် အချက်များ
ဘယ်လောက်ကုန်မလဲဆိုတာက အောက်ပါအချက်တွေပေါ်မှာ မူတည်ပါတယ် –
• ဆေးရုံအမျိုးအစား: အစိုးရဆေးရုံ (Public Hospital) က ပိုသက်သာပြီး ပုဂ္ဂလိကဆေးခန်း (Private Clinic) တွေက ပိုဈေးကြီးပါတယ်။
• မွေးဖွားနည်း: ရိုးရိုးမွေးဖွားခြင်း (Normal Delivery) အတွက် အာမခံမရပေမဲ့ အစိုးရထောက်ပံ့ကြေးနဲ့ ကာမိပါတယ်။ ခွဲမွေးခြင်း (C-Section) ဆိုပါက ကျန်းမာရေးအာမခံ (Health Insurance) သုံးလို့ရတဲ့အတွက် စရိတ်သက်သာသွားတတ်ပါတယ်။
• နေထိုင်သည့် မြို့နယ်: တိုကျိုလို မြို့ကြီးတွေမှာ ဆေးရုံစရိတ် ပိုကြီးတတ်ပါတယ်။
💎၃။ အခြားသော အခမဲ့ဝန်ဆောင်မှုများနှင့် ထောက်ပံ့ကြေးများ
• ကိုယ်ဝန်ဆောင်စစ်ဆေးခ (Prenatal Checks): မြို့နယ်ရုံးကပေးတဲ့ ကူပွန် (Checkup Coupons) တွေ သုံးရင် အခမဲ့နီးပါး စစ်ဆေးနိုင်ပါတယ်။
• ကလေးစရိတ် (Child Allowance): ကလေးမွေးပြီးရင်လည်း ကလေးအသက် ၁၅ နှစ်အထိ တစ်လလျှင် ၁၀,၀၀၀ မှ ၁၅,၀၀၀ ယန်း ထောက်ပံ့ကြေး ရရှိပါဦးမယ်။
• အခမဲ့ ဆေးကုသခ: ကလေးငယ်များအတွက် ဆေးရုံပြသခကို အစိုးရက အခမဲ့ (သို့မဟုတ်) အလွန်နည်းပါးသော နှုန်းထားဖြင့် စီစဉ်ပေးထားပါတယ်။
ဖူးအကြံပေးချင်တာကတော့ 🤍🤍🤍
ဂျပန်မှာ ကလေးမွေးဖို့ ပြင်ဆင်နေတယ်ဆိုရင် မိမိနေထိုင်တဲ့ မြို့နယ်ရုံး (City Hall / Ward Office) က “Maternal and Child Health Handbook” (Boshi Techo) ကို အမြန်ဆုံး သွားရောက်ထုတ်ယူပါ။ ထိုစာအုပ်နှင့်အတူ ဆေးရုံစရိတ် လျှော့စျေးကူပွန်များကို တစ်ခါတည်း ရရှိမှာ ဖြစ်ပါတယ်📘
🍀ဒီpostကိုကိုယ်ဝန်သည်ဗိုက်ဗိုက်Friend တွေဆီမျှဝေပေးခြင်းဖြင့်
ဂရုစိုက်ပေးကြပါနော်😘
ကျန်းမာတဲ့ရင်သွေးလေးကိုမွေးဖွားနိုင်ပါစေ👶🏻
#ဂျပန်ရောက်မြန်မာ
#妊娠中の悩み
#ကိုယ်ဝန်ဆောင်
#ကလေး #ကျန်းမာရေးဗဟုသုတ #phoofamilysinjapandiaries #MyanmarInJapan #ဂျပန်


