အခုတလော ဂျပန်မှာ နေထိုင်နေသောနိုင်ငံခြားသားများကို targetထားကာ လိမ်လည်မှုများ ပိုမိုများပြားလာပါတယ်။
အဲ့ဒါကြောင့်မလို့ လိမ်လည်မှုနဲ့ကင်းဝေးစေဖို့ ဒီဆောင်းပါးလေးနဲ့ မျှဝေပေးလိုက်ပါတယ်။
https://www.tiktok.com/@phoo_sar37/video/7265904029136342273?is_from_webapp=1&sender_device=pc
ကျမဖုန်းကိုလည်း မသိတဲ့နံပါတ်ကနေ “ပစ္စည်းလာပို့တာအိမ်မှာ မရှိလို့ ပစ္စည်းကိုပြန်သယ်သွားတယ်။
အောက်ကLinkကိုနှိပ်ပြီး စစ်ဆေးပါ” လို့ မသင်္ကာတဲ့link ကိုပို့လာပါတယ်။
အကယ်၍အဲ့လိုLinkကိုနှိပ်လိုက်တယ်ဆိုရင်
ကိုယ့်ဖုန်းထဲမှာရှိတဲ့dataတွေhack ခံရတာတွေ၊ ဖုန်းထဲမှာမှတ်ထားတဲ့ credit cardနဲ့ စျေးအခိုးဝယ်ခံရတာတွေ တွေ့ကြုံရတတ်ပါတယ်
အခြားသောလိမ်လည်မှုများကိုတော့ ဂျပန်immigrationစင်တာရဲ့ homepageမှာလည်းကြေညာ ထားပါတယ်။
စိတ်ဝင်စားပါက ဝင်ရောက်ဖတ်ရှုကြပါနော်