၂၀၂၃Tokutei ginou Hotel စာမေးပွဲ ဖောင်မတင်ခင် သိသင့်သောအချက်၅ချက်

特定技能
Phoosar37 from Tiktok

ဒီနှစ်၂၀၂၃ ဂျပန်နိုင်ငံမှာ တိုခုတဲဂိနိုး Hotel စာမေးပွဲ ဖြေဆိုချင်သူများအတွက် ဖောင်မတင်ခင် သိသင့်တဲ့ အချက်၅ချက်ကိုပြောပါချင်ပါတယ်။

မာတိကာ

၁) စာမေးပွဲရက်
၂)စာမေးပွဲ ကျင်းပမည့်နေရာ& အချိန်
၃)စာမေးပွဲ ဖောင်တင်နိုင်သောကာလ
၄)စာမေးပွဲကြေး
၅)စာမေးပွဲဖောင်တင်ရန်လိုအပ်သောအရာများ

၁) စာမေးပွဲရက်

၆လပိုင်း ၁ရက်မှ ၁၀ရက်အထိ စာမေးပွဲကိုကျင်းပပါမယ်။

၂)စာမေးပွဲ ကျင်းပမည့်နေရာ& အချိန်

စာမေးပွဲကို ဂျပန်နိုင်ငံရဲ့ မြို့ ၆မြို့ (တိုကျို ၊ အိုဆာကာ၊ နာဂိုယာ ၊ဖုခုအိုကာ၊ ဟော့ကိုင်းဒိုး၊ နဟ) မှာကျင်းပပါမယ်။
စာမေးပွဲရက်ကို တစ်မြို့မှာ တစ်ရက်တည်း ကျင်းပပါမယ်။

တစ်ရက်ထဲမှာ စာမေးပွဲအချိန် ၄ချိန်ရှိပါတယ်။
① 10:00 ~ 11:10
② 11:25 ~ 12:35
③ 13:55 ~ 15:05
④ 15:20 ~ 16:30

ဖောင်တင်တဲ့အခါမှာ စာမေးပွဲအချိန်① ပဲ ရွေးချယ်နိုင်ပါတယ်။
② ~ ④ရဲ့အချိန်က Exam Center ကသတ်မှတ်ပေးမှာမလို့ ရွေးချယ်ခွင့်မရှိပါ။

အဲ့ဒါကြောင့်မလို့ ①အချိန်ကို ရွေးချင်တယ်ဆိုရင် ဖောင်ကို စောစောတင်ပါ။

၃)စာမေးပွဲ ဖောင်တင်နိုင်သောကာလ

Mayလ ၉ရက်‌‌ နေ့လည် ၁နာရီ~ ၁၅ရက် နေ့လည် ၁၂နာရီ အထိ ဖောင်တင်နိုင်ပါတယ်။

ဖောင်ပိတ်ခါနီးမှာ တင်တဲ့သူအရမ်းများပြီး Website System က busyပြီး errorဖြစ်လွယ်ပါတယ်။
ဖြစ်နိင်ရင် ၁၄ရက်နေ့ မတိုင်ခင်မှာ ဖောင်ပြီးအောင်တင်ပါ။

၄)စာမေးပွဲကြေး

ယမ်း၇၇၀၀ပါ။
စာမေးပွဲကြေးကို Credit cardနဲ့ပေးဆောင်နည်း၊ コンビニမှပေးသွင်းနည်း ၊bank account မှငွေလွဲနည်းတို့ဖြင့် ပေးသွင်းနိုင်ပါတယ်။

၅)စာမေးပွဲဖောင်တင်ရန်လိုအပ်သောအရာ

✡တိုခုတဲဂိနိုး Hotel exam Websiteမှာ My Page ကို register လုပ်ရပါမယ်
✡အသက်၁၇နှစ်အထက်ဖြစ်ရပါမယ်
✡Residence card(在留カード)မှာ လုံလောက်တဲ့ ဗီဇာသက်တမ်းရှိရပါမယ်
✡‌၃လအတွင်းရိုက်ထားတဲ့ ဓာတ်ပုံ(၄×၃pixel)

၂၀၂၃တိုခုတဲ Hotel စာမေးပွဲ ဖောင်မတင်ခင် သိသင့်သောအချက်၅ချက်

My Page Registerလုပ်နည်းကို နောက်blogလေးမှာ တင်မယ်နော်။

အားလုံးအဆင်ပြေကြပါစေ။

ဖူးစာ၃၇

タイトルとURLをコピーしました